La-liga News

ရွက်သင်္ဘောလှူတဲ့ ဇာဗီ

Aug 02 , 2016

ကာတာကလပ် အယ်လ်ဆတ်တွင် ကစားနေသော ဘာစီလိုနာကစားသမားဟောင်း ဇာဗီက မြေထဲပင်လယ်ရှိ လှေစီးပြေး ဒုက္ခ သည်များ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုသို့ သူ၏ကိုယ်ပိုင် ရွက်သင်္ဘော တစ်စီးကို လှုဒါန်းခဲ့ကြောင်း သိရသည်။

အစိုးရမဟုတ်သော လူအဖွဲ့အစည်းတစ်ခုဖြစ်သည့် POA သို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး  စပိန်နိုင်ငံ ဘာစီလိုနာအခြေစိုက် POA အဖွဲ့မှာ ဂရိကမ်းခြေမှာ လက်စ်ဗို့စ်တွင် ရုံးခန်းဖွင့်၍ မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပတိုက်ဘက်သို့ ကူးပြေးလာသည့် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။

POAတွင် လှုဒါန်းမှုအတွက် လက်မှတ်ထိုးနေသော ဇာဗီ၏ ဓာတ်ပုံကို POA က ဆိုရှယ်ဝက်ဘ်ဆိုက်များတွင် လွှင့် တင်ပေးခဲ့ပြီး ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

ဘာစီလိုနာတွင် ၁၇နှစ်ကြာ ကာလအတွင်း ဇာဗီမှာ ပွဲပေါင်း ၅၀၀ကျော် ပါဝင်ကစားခဲ့ကာ လာလီဂါဖလား ၈ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၄ကြိမ်နှင့် အခြားဆုဖလား ၁၃ခု ရယူနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here