Champions League

ချန်ပီယံလိဂ် Play-Off အဆင့်ရောက်ပြီ

Aug 04 , 2016

၂၀၁၆-၁၇ ရာသီချန်ပီယံလိဂ်ပွဲစဉ်များအတွက် ခြေစစ်ပွဲများ ကစားနေရာ ယခုအခါ တတိယအဆင့်ပွဲစဉ်များ ပြီးဆုံး၍ Play-Off အဆင့်သို့ ရောက်လာပြီဖြစ်သည်။

တတိယအဆင့်ခြေစစ်ပွဲများတွင် လူဒိုဂိုရက်၊ ဒန်းဒေါ့၊ စတီအာဘူခါရက်၊ ဗစ်တိုးရီးယား၊ ဆာလ်ဘာ့ဂ်၊ ရော့စတော့၊ ဒိုင်နမိုဇာဂရက်၊ ယန်းဘွိုင်းစ်၊ အေဂျက်၊ ဟာပိုးလ်အသင်းများက အနိုင်ရရှိခဲ့ကြပြီး Play-Off အဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။

ယနေ့တွင် ယူရိုပါလိဂ်ဝင်ခွင့် တတိယဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်များ ကစားမည်ဖြစ်ပြီး၊ သောကြာနေ့တွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် Play-Off ပွဲစဉ်များအတွက် မဲနိုက်နေရာချထားပေးမည် ဖြစ် သည်။

ယူရိုပါလိဂ် တတိယဆင့် ခြေစစ်ပွဲတွင် ပရီးမီးယားလိဂ်မှ ၀က်စ်ဟမ်းအသင်း ပါဝင်နေပြီး ပထမအကျော့ အဝေးကွင်းတွင် ဒွမ်ဇာလီ ကို ၂း၁ဖြင့် ရှုံးထားခဲ့သဖြင့် ယနေ့ည အိမ်ကွင်းတွင် ၁းဝ(သို့မဟုတ်)၂ဂိုးပြတ်ဖြင့် အနိုင်ရရန် ကြိုးစားရလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here