Serie-A News

ချဲလ်ဆီးမှဆာလာ ရိုးမားရွှေ့မည်

Aug 04 , 2016

ချဲလ်ဆီးတောင်ပံကစားသမား မိုဟာမက်ဆာလာမှာ အငှားသွားကစားနေရသော ရိုးမားသို့ အပြီးသတ်ပြောင်းရွှေ့တော့ မည် ဖြစ်သည်။

အသက် ၂၄နှစ်အရွယ် အီဂျစ်လက်ရွေးစင်ဆာလာမှာ လွန်ခဲ့သောရာသီက ရိုးမားသို့ အငှားချခံခဲ့ပြီး ရိုးမားအတွက် စီးရီးအေပွဲ ၃၄ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့သည်။

ဆာလာမှာ ၂၀၁၄ ဇန်န၀ါရီလတွင် ဘေဆယ်မှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေးပေါင် ၁၁သန်း၊ ၅နှစ်ခွဲ စာချုပ်ဖြင့် ရောက်ရှိခဲ့ပြီး တစ်လခန့်အကြာ နယူးကာဆယ်နှင့် ပွဲတွင် စတင်ကစားခွင့် ရရှိခဲ့သည်။

ယင်းရာသီတွင် ပရီးမီးယားပွဲ ၁၃ပွဲ ပါဝင်ကစားခဲ့ရပြီးနောက် ၂၀၁၄-၁၅ရာသီတွင် ဖီအိုရင်တီးနားသို့ အငှားချခံခဲ့ရကာ စီးရီးအေ တွင်ပင် ယခုထိ ကစားနေရသူဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here