Europe News

သရေနှင့် ကျေနပ်ရသော ဘရာဇီး

Aug 05 , 2016

ရီယိုအိုလံပစ်ပြိုင်ပွဲတွင် အိမ်ရှင် ဘရာဇီးမှာ အဖွင့်ပွဲစဉ်၌ တစ်ယောက်လျော့ တောင်အာဖရိကကို ဂိုးမရှိသရေသာ ကစားနိုင် ခဲ့သည်။

ဘာစီလိုနာစတား နေမာပါဝင်သော ဘရာဇီးမှာ ပွဲကစားချိန် မိနစ် ၆၀မှစ၍ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း ဂိုးမ ရနိုင်ပဲ သရေနှင့်သာ ကျေနပ်ခဲ့ရသည်။

အခြားပွဲစဉ်များတွင် အီရတ်နှင့် ဒိန်းမတ်၊ မက္ကဆီကိုနှင့် ဂျာမနီတို့သည်လည်း သရေပွဲများဖြစ်ခဲ့ပြီး ဟွန်ဒူးရပ်စ်က အယ်လ်ဂျီးရီးယား ကို ၃း၂၊ ပေါ်တူဂီက အာဂျင်တီးနားကို ၂းဝတို့ဖြင့် အနိုင်ရခဲ့သည်။

ယနေ့နံနက်ပိုင်း ကစားခဲ့သော ပွဲများတွင်  ဆွီဒင်နှင့် ကိုလံဘီယာတို့ ၂ဂိုးစီ သရေကျခဲ့ပြီး တောင်ကိုရီးယားက ဖီဂျီကို ၈းဝ ၊ နိုင်ဂျီးရီးယားက ဂျပန်ကို ၅း၎တို့ဖြင့် အနိုင်ရခဲ့သည်။

အမျိုးသမီးပွဲစဉ်များတွင် ဆွီဒင်၊ ကနေဒါ၊ ဘရာဇီး၊ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်တို့  နိုင်ပွဲ အသီးသီး ရရှိခဲ့ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here