La-liga News

ဆီဗီးလားနှင့်ပွဲ လွဲမည့် ၃ဦး

Aug 05 , 2016

နော်ဝေတွင် လာမည့်အပတ် ဆီဗီးလားနှင့် ကစားရမည့် ဥရောပစူပါဖလားပွဲစဉ်တွင် ရီးရဲလ်ဘက်မှ စီရိုနယ်ဒိုမပါနိုင်သေးသကဲ့ သို့ ဘေးလ်နှင့် ဘင်ဇီမာတို့လည်း မသေချာသေးကြောင်း သိရသည်။

ချန်ပီယံလိဂ် ချန်ပီယံနှင့် ယူရိုပါလိဂ် ချန်ပီယံတို့ ကစားကြရမည့် ထိုပွဲတွင် နည်းပြ ဇီဒန်း၏ ရီးရဲလ်ဘက်မှ ဦးစားပေး တိုက်စစ်သမားများဖြစ်သော စီရိုနယ်ဒို၊ ဘေးလ်နှင့် ဘင်ဇီမာတို့ သတင်းများ ထွက်ပေါ် လျက် ရှိသည်။

ပေါ်တူဂီသား စီရိုနယ်ဒိုမှာ ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး၊ ယခုလ ၁၀ရက်နေ့တွင်မှ ရီးရဲလ်နှင့် အတူ လေ့ကျင့်ရေး ပြန်ဆင်းမည်ဖြစ်သည်အတွက် ဥရောပစူပါဖလားပွဲကို သေချာပေါက် လွဲချော်မည်ဖြစ်သကဲ့သို့ ယူရို ၂၀၁၆ ပွဲ နွဲခဲ့သော ဘေးလ်မှာလည်း ယနေ့တွင်မှ ရီးရဲလ်သို့ ပြန်ရောက်မည်ဖြစ်သောကြောင့်  ၄ရက်သာ လိုတော့သည့် ထိုစူပါဖလား ပွဲအတွက် မသေချာခြင်း ဖြစ်သည်။

ဘင်ဇီမာမှာ အသင်းနှင့်အတူ လေ့ကျင့်ရေး ဆင်းနေသော်လည်း ICC ဖလားပွဲစဉ်များတွင် ပါဝင်ကစားခဲ့ရခြင်း မရှိပေ။

ဇီဒန်းကမူ လက်ကျန်ကစားသမားများ အားလုံးသည် စူပါဖလားပွဲအတွက်  အဆင်သင့်ရှိနေသည်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here