World CUp 2014 News

နားတော့မယ့် ဒိုနိုဗန်

Aug 08 , 2014

အမေရိကန် လက်ရွေးစင်ဖြစ်ခဲ့သူ လန်ဒန်ဒိုနိုဗန်မှာ ယခုမေဂျာလိဂ်ရာသီကုန်ချိန်တွင် ကစားသမားဘ၀မှ အနားယူတော့မည် ဖြစ် သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဒိုနိုဗန်မှာ အမေရိကန်လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံးသွင်းပေးခဲ့သူဖြစ်ပြီး ၁၅၆ ပွဲတွင် ၅၇ ဂိုး ရရှိခဲ့သည်။

အဲဗာတန်အသင်းတွင် ၂၂ ပွဲ ကစားပေးခဲ့သူ လက်ရှိ LA ဂလက်ဇီတိုက်စစ်မှူး ဒိုနိုဗန်က မိမိအနေနှင့် ကစားသမားဘ၀မှ အနားယူသင့်ပြီဟု စိတ်ဆုံးဖြတ်မိပါကြောင်း ပြောဆိုခဲ့သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ၃ ကြိမ်တွင်ပါဝင်ခဲ့ဘူးသူ ဒိုနိုဗန်သည် မေဂျာလိဂ်အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ၆ ကြိမ်တိုင် အရွေးခံရသူလည်း ဖြစ်သည်။

သူသည် ၂၀၁၀ နှင့် ၂၀၁၂ တွင် အဲဗာတန်သို့ လာကစားဘူးပြီး လေဗာကူဆင်၊ ဘိုင်ယန်၊ ဆန်ဂျို့စ် အသင်းများတွင်လည်း ကစားခဲ့သူ ဖြစ်သည်။ မေဂျာလိဂ်ရာသီမှာ လာမည့် အောက်တိုဘာတွင် ကုန်ဆုံးမည်ဖြစ်သည်။

U Myo Thant




<< Back World CUp 2014 News


Advertisement
Here