Champions League

ချန်ပီယံလိဂ် Play-Off ပွဲစဉ်များ

Aug 06 , 2016

ချန်ပီယံလိဂ် Play-Off ပွဲစဉ်များအတွက် မဲနှိုက်နေရာချထားပေးခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အုပ်စုအဆင့်သို့ ရောက်ရှိမည့် ၁၀နေရာအတွက် ယခု Play-Off အဆင့်တွင် အသင်းပေါင်း ၂၀က နှစ်ကျော့စီ ကစားရမည် ဖြစ် သည်။

ပထမအကျော့ကို ဩဂုတ် ၁၆/ ၁၇နှင့် ဒုတိယအကျော့ကို ဩဂုတ် ၂၃/ ၂၄တို့တွင် ကစားရမည် ဖြစ်သည်။

တွေ့ဆုံကြမည့် အသင်းများမှာ စတီအာဘူခါရက်နှင့် မန်စီးတီး၊ အေဂျက်နှင့် ရော့စတော့၊ လူဒိုဂိုရက်နှင့် ဗစ်တိုးရီးယား၊ ဆဲလ်တစ်နှင့် ဟာပိုးလ်၊ ကိုပင်ဟေဂင်နှင့် အေပိုးလ်၊ ဒန်းဒေါ့နှင့် လီဂီယာ၊ ဒိုင်နမိုနှင့် ဆာလ်ဘတ်၊ ပေါ်တိုနှင့် ရိုးမား၊ ယန်းဘွိုင်းနှင့် ဂလက်ဘက်၊ ဗီလာရီးရဲလ်နှင့် မိုနာကို တို့ဖြစ်ကြသည်။

U Myo Thant

<< Back Champions League


Advertisement
Here