Europe News

စီရိုနယ်ဒိုကို မော်ရင်ဟိုဝေဖန်

Aug 06 , 2016

ပေါ်တူဂီသားတစ်ဦးဖြစ်သော မော်ရင်ဟိုက ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီအသင်းခေါင်းဆောင် စီရိုနယ်ဒို၏ ကွင်းဘေးမှ အမူအရာများမှာ အသင်းကို အကျိုးမရှိစေပဲ လိုသည်ထက်ပို၍  ဟန်ပြလုပ်ပြ နေခြင်းနှင့် တူကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

ထိုပွဲတွင် စီရိုနယ်ဒိုမှာ ဒူးဒဏ်ရာရခဲ့သဖြင့် ပထမပိုင်းတွင်ပင် လူစားလဲခဲ့ပြီး ကွင်းဘေးမှသာ ပွဲကိုကြည့်နေခဲ့ရသည်။ အသင်း အနေနှင့် အိမ်ရှင်ပြင်သစ်နှင့် ကစားနေရခြင်းကြောင့် ဂိုးမပေးရရေးနှင့် အနိုင်ရရေးအတွက် အသေအလဲကစားခဲ့ရပြီး အချိန်ပိုတွင် မှ အနိုင်ဂိုး ရရှိခဲ့သည်။

ပွဲပြီးရန် အချိန်နီးကပ်လာချိန်တွင် စီရိုနယ်ဒိုမှာ ကွင်းဘေးစည်းမှနေ၍ အသင်းသားများကို နည်းပြတစ်ဦးကဲ့သို့ ညွှန်ပြမှုများ ပြု လုပ်နေခဲ့သည်ကို ပရိသတ်များ သတိပြုမိခဲ့ကြသည်။

ပေါ်တူဂီနှင့် ဘင်ဖီကာ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဆိုင်မွန်စ်နှင့် မော်ရင်ဟိုတို့က ၃၁နှစ်သား စီရိုနယ်ဒို၏ ထိုပြုမူမှုမှာ အသင်းအတွက် မည်သို့မျှ အကျိုးမပြုပဲ ကွင်းထဲမှ အသင်းသားများအတွက်  အနှောင့်အယှက်ဖြစ်စေကြောင်း ဝေဖန်သွားခဲ့ကြ သည်။

U Myo Thant




<< Back Europe News


Advertisement
Here