သက်တမ်းတိုးတဲ့ ဂျွန်စတုန်း

Aug 08 , 2014

နောက်ခံလူ ဂျွန်စတုန်းသည် အဲဗာတန်အသင်းနှင့် တစ်ပတ်လုပ်ခ ပေါင် ၃ သောင်းဖြင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ပြီ ဖြစ်သည်။

အသက် ၂၀ ရှိပြီဖြစ်သော ဂျွန်စတုန်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း၏ အကြိုဆန်ကာတင်လူစာရင်းတွင် ပါဝင်ခဲ့သူ ဖြစ် သည်။

သူသည် နည်းပြမိုရက်စ်ရှိစဉ်ကပင် အဲဗာတန်သို့ ရောက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုစာချုပ်အရ ၂၀၁၉ အထိ အဲဗာတန်တွင် ကစားခွင့်ရရှိနေမည်ဖြစ်သည်။

စတုန်းက လွန်ခဲ့သောရာသီသည် မိမိတို့အတွက် အောင်မြင်သော ရာသီကောင်းတစ်ခုဖြစ်ခဲ့ပြီး ယခုကဲ့သို့ စာချုပ်သစ် လက်မှတ် ထိုးနိုင်ခဲ့သည်မှာ အိပ်မက်များ တကယ်ဖြစ်လာခဲ့သခြင်းဟု ဆိုချင်ပါကြောင်းနှင့် မိမိတို့အကောင်းဆုံး ကြိုးစားသွားဦး မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back


Advertisement
Here