Europe News

သရေကျသော ဘရာဇီး

Aug 08 , 2016

ရီယို အိုလံပစ်ပြိုင်ပွဲတွင် အိမ်ရှင် ဘရာဇီး ယူ-၂၃အသင်းမှာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် အီရတ်နှင့် ကစားခဲ့ရာတွင် ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြီး ဒုတိယမြောက် ဂိုးမရှိသရေပွဲ  ဖြစ်ခဲ့ရသည်။

နေမာပါဝင်သော ဘရာဇီး ယူ-၂၃အသင်းမှာ အုပ်စုအဖွင့်ပွဲအဖြစ် တောင်အာဖရိကနှင့် ကစားရာတွင် ဂိုးမရှိ သရေကျခဲ့ပြီး၊ ယခု ဒုတိယပွဲတွင်လည်း သရေကျခဲ့၍ ၂ပွဲကစား ၂မှတ်သာ ရရှိထားသည်။

ဘရာဇီး ပါဝင်သော အုပ်စု A တွင် ဒိန်းမတ်က ၄မှတ်ဖြင့် ဦးဆောင်နေပြီး၊ ဘရာဇီးနှင့် အီရတ်က ၂မှတ်စီ၊ တောင်အာဖရိကက ၁မှတ်ရရှိထားရာ အုပ်စုနောက်ဆုံးပွဲတွင် ဘရာဇီးမှာ ဒိန်းမတ်ကို နိုင်မှသာ နောက်တစ်ဆင့်တက်ရန် သေချာမည် ဖြစ်သည်။

အုပ်စု B တွင် နိုင်ဂျီးရီးယားက ၆မှတ်၊ ကိုလံဘီယာက ၂မှတ်၊ ဂျပန်နှင့် ဆွီဒင်က ၁မှတ်စီ၊ အုပ်စု C တွင် တောင်ကိုရီးယားနှင့် မက္ကဆီကိုတို့က ၄မှတ်စီ၊ ဂျာမနီက ၂မှတ်၊ ဖီဂျီက အမှတ်မရသေးပေ၊ အုပ်စု D တွင် ပေါ်တူဂီက ၆မှတ်၊ ဟွန်ဒူးရပ်စ်နှင့် အာဂျင်တီးနားတို့က ၃မှတ်စီ၊ အယ်လ်ဂျီးရီးယားက အမှတ်မရသေးပေ၊ လာမည့် ၁၀ရက်နေ့နှင့် ၁၁ရက်နေ့တို့တွင် အုပ်စု နောက်ဆုံးပွဲများ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here