Europe News

ရွှေတံဆိပ်ဆုရှင်ကို မက်ဆီချီးကျူး

Aug 08 , 2016

ရီယို အိုလံပစ်ပြိုင်ပွဲတွင် ဂျုဒိုပြိုင်ပွဲ၌ ရွှေတံဆိပ်ရခဲ့သော အာဂျင်တီးနား ဂျူဒိုမယ် ပေါ်လာ ပါရီတိုကို မက်ဆီက ချီးကျူးလိုက် သည်။

ဘရာဇီးနိုင်ငံ ရီယို အိုလံပစ်ဂျနေရိုးတွင် ကျင်းပနေသော ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းမှ ရွှေတံဆိပ်ဆုရ  ခဲ့ခြင်းမှာ အာဂျင်တီးနားအတွ က် သမိုင်းတစ်လျှောက် ပထမဆုံး ဖြစ်ခဲ့ပြီး ပါရီတို မှာ ၄၈ ကီလိုတန်းတွင် ရွှေတံဆပ် ရခဲ့ခြင်း ဖြစ်သည်။

သူ၏ ရွှေတံဆိပ်ဆုရမှုမှာ အာဂျင်တီးနားဘောလုံးအသင်းအတွက် ဂိုးအများဆုံး သွင်းထားသူနှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမား ၅ကြိမ်ရခဲ့သော မက်ဆီကဲ့သို့ပင် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။

လီဗာပူးကို ၄းဝဖြင့် ရှုံးခဲ့ပြီးနောက်တွင် ဘာစီလိုနာ ကစားသမား မက်ဆီက ပါရီတိုအတွက် ချီးကျူးစကားကို ဆိုရှယ် ၀က်ဘ်ဆိုက်ပေါ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

မက်ဆီက ယခု ရွှေတံဆိပ်ဆုမှသည် အာဂျင်တီးနား ပြိုင်ပွဲဝင်များအတွက် နောက်ထပ် ဆုတံဆိပ်များ ရရှိစေရန် ဆုတောင်းပါ သည်ဟု ရေးသားထားခဲ့သည်။

ကိုပါအမေရိကမှ ထွက်ခဲ့ရပြီးနောက် လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သော မက်ဆီကို လက်ရှိ နည်းပြသစ် ဘူဇာက ပြန်ကစား ရန် စည်းရုံးပြောဆိုလျက် ရှိနေသည်။

 

U Myo Thant




<< Back Europe News


Advertisement
Here