မန်ယူကမ်းလှမ်းမှု ၀င်းဂါးပယ်ချ

Aug 08 , 2014

သောမတ်စ် ဗာမေလန်ကို မန်ယူမှကမ်းလှမ်းခဲ့ခြင်းအပေါ် အာဆင်နယ်နည်းပြ၀င်းဂါးက ပယ်ချလိုက်ကြောင်း သိရသည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သော ဘယ်လ်ဂျီယံ လက်ရွေးစင်ဗာမေလန်အပေါ် မန်ယူထံမှကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်းဝင်းဂါး က ပြောဆိုခဲ့သော်လည်း အခြားလိဂ်တစ်ခုခုသို့သာ ထုတ်ရောင်းလိုသည်ဟု ဆိုသည်။

ကလပ်အသင်းအချို့က လိုချင်နေသော ဗာမေလန်မှာ လွန်ခဲ့သောရာသီက ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲသာ ပါဝင်ကစားခဲ့ရပြီးနောက် စာချုပ်သစ် သက်တမ်းတိုးရန်ကိစ္စကို ငြင်းဆန်ခဲ့သူ ဖြစ်သည်။

အေဂျက်မှ ပြောင်းရွေှ့လာသော ဗာမေလန်မှ အာဆင်နယ်အတွက် စုစုပေါင်း ပွဲ ၁၁၀ ကစားပေးခဲ့ပြီဖြစ်ပြီး အေဂျက်နှင့် အတူ အောင်မြင်မှုများ ရခဲ့သည့် ထိုဘယ်လ်ဂျီယံလက်ရွေးစင်မှာ လွန်ခဲ့သော ရာသီက အာဆင်နယ်နှင့်အတူ FA ဖလား ရရှိခဲ့သည်။

U Myo Thant




<< Back


Advertisement
Here