La-liga News

ယနေ့ည ဘေးလ်မပါနိုင်

Aug 09 , 2016

ရီးရဲလ်အသင်း၏ ယနေ့ည ဆီဗီးလားနှင့် ကစားရမည့် ဥရောပစူပါဖလားပွဲတွင် ဝေလလက်ရွေးစင် ဘေးလ်မှာ စီရိုနယ်ဒိုနှင့် အတူ ပါဝင်နိုင်မည် မဟုတ်ဟု သိရသည်။

၂၇နှစ်သား ဘေးလ်နှင့် ဂျာမနီလက်ရွေးစင် ကရူးစ်တို့မှာ ယူရို ၂၀၁၆ ပြိုင်ပွဲကြောင့် အားလပ်ရက် ပိုရထားသူများဖြစ်ပြီး စီရိုနယ်ဒိုမှာ ယူရို ၂၀၁၆တွင် ရခဲ့သော ခြေထောက်ဒဏ်ရာကြောင့် ယခုပွဲကို လွဲချော်ခြင်း ဖြစ်သည်။

နော်ဝေတွင် ကစားမည့် ဥရောပစူပါဖလားပွဲအတွက် ရီးရဲလ် လူစာရင်းတွင် ၁၈နှစ်သား ဂိုးသမား လူကာပါဝင်ကြောင်း သိရ သည်။

ဆီဗီးလားမှာ လွန်ခဲ့သော ရာသီ ယူရိုပါလိဂ်ဖိုင်နယ်တွင် လီဗာပူးကို နိုင်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်နှင့် စူပါဖလားပွဲကစားရခြင်း ဖြစ်သည်။

၂၀၁၄ ဥရောပ စူပါဖလားပွဲတွင် ရီးရဲလ်နှင့် ဆီဗီးလား ဆုံခဲ့ဖူးပြီး၊ ထိုစဉ်က ရီးရဲလ်မှာ စီရိုနယ်ဒို၏ သွင်းဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

ဥရောပစူပါဖလားပွဲသို့ ၃ကြိမ် ဆက်တိုက် တက်လာသော ဆီဗီးလားမှာ ၂၀၁၄တွင် ရီးရဲလ်ကို  ရှုံးခဲ့သကဲ့သို့ ၂၀၁၅တွင် ဘာစီလိုနာကို ၅း၎ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။

U Myo Thant




<< Back La-liga News


Advertisement
Here