La-liga News

PSG ရောက် ဂျီစီ

Aug 09 , 2016

ရီးရဲလ် တိုက်စစ်မှုး ဂျီစီရိုဒရီဂုဇ်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ဖြင့် PSG သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

၂၃နှစ်သား ဂျီစီမှာ လွန်ခဲ့သော ၁၀နှစ်ကတည်းကပင် ရီးရဲလ် လူငယ်အကယ်ဒမီမှစ၍ အသင်းတွင် ရှိနေခဲ့သူဖြစ်သော်လည်း စီရိုနယ်ဒို၊ ဘေးလ်၊ ဘင်ဇီမာတို့ ရှိနေသောကြောင့် ပွဲအနည်းငယ်သာ ကစားခွင့်ရနေသဖြင့် ယခုကဲ့သို့ အသင်းပြောင်းရခြင်း ဖြစ် သည်။

ရီးရဲလ်အသင်းကြီး လူစာရင်းသို့ ပါခဲ့ချိန်မှစ၍ ဂျီစီမှာ ချန်ပီယံလိဂ်ဖလား ၂ကြိမ်နှင့် လာလီဂါဖလား ၁ကြိမ် ရခဲ့သူဖြစ်သည်။

ဂျီစီက "ကျနော် ရီးရဲလ်မှာ ၁၀နှစ် ကြာခဲ့ပါပြီ။ အခုချိန်မှာ အပြောင်းအလဲလုပ်သင့်ပြီလို့ ယူဆလို့ အသင်းပြောင်းခဲ့တာပါ။ PSG မှာ ကစားချိန် ပိုများများရမယ်လို့လည်း ယုံကြည်ပါတယ်။ ရီးရဲလ် နည်းပြ ဇီဒန်းအနေနဲ့ ကျနော်ကို ကစားစေချင်ပေမယ့်၊ ဒါဟာ အခက် အခဲတစ်ခုဆိုတာ သူလည်း သိပါတယ်။ အခု ဒီအသင်းသစ်မှာ ကျနော် အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်သလို PSGနဲ့ ချန်ပီယံလိဂ် ဖလား ရချင်ပါသေးတယ်" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here