Europe News

မီဒီယာဘတ်စ်ကား ပစ်ခတ်ခံရ

Aug 10 , 2016

မီဒီယာသမားများအား ကစားကွင်းတစ်ခုမှာ အခြားကစားကွင်းတစ်ခုသို့ သယ်ယူပို့ဆောင်ပေးနေသော ရီယို အိုလံပစ် မီဒီယာ ဘတ်စ်ကားတစ်စီးမှာ ယမန်နေ့က သေနတ်နှင့် ပစ်ခတ်ခံခဲ့ရသည်။

ဘရာဇီးမြို့တော် ရီယိုမြို့တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်တွင် ဘတ်စ်ကား ဘေးမှန်ကွဲသွားခဲ့ကာ ကားပေါ်တွင် ပါလာသော မီဒီယာ သမားများနှင့် တာဝန်ရှိသူ အချို့တို့မှာမူ ကြီးကျယ်သော ဒဏ်ရာရမှုမျိုး မရှိခဲ့ဟု ဆိုသည်။

အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပရာ ဒီဒိုရိုကွင်းမှ အိုလံပစ် ကစားသမားရွာသို့ အပြန်ခရီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ဘေးမှန် ၂ချပ် ကွဲသွားခြင်းကြောင့် မှန်ကွဲစများ လွင့်ထွက်ခဲ့သဖြင့် တူရကီ သတင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ကလည်း ဖွင့်ပွဲကျင်းပပြီး နာရီအနည်းငယ်အကြာတွင် ဖွင့်ပွဲပြုလုပ်ခဲ့သည့် မာရာကာနာကွင်းအပြင်ဘက်၌ လူတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

U Myo Thant




<< Back Europe News


Advertisement
Here