Europe News

အိုလံပစ်အမျိုးသမီးပွဲစဉ်များ

Aug 10 , 2016

ရီယိုအိုလံပစ်အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားရတော့မည် ဖြစ်သည်။

အုပ်စု E ၊ F ၊ G ဟူ၍ အုပ်စု ၃စုခွဲ ကစားခဲ့ရာတွင် အုပ်စု E ၌ အိမ်ရှင် ဘရာဇီးက ၇မှတ်ဖြင့် အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး တရုတ်က ၄မှတ်ဖြင့် ဒုတိယရခဲ့သည်။

အုပ်စု F တွင် ကနေဒါက ၉မှတ်ဖြင့် အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဂျာမနီက ၄မှတ်ဖြင့် ဒုတိယရခဲ့သည်။

အုပ်စု G တွင် အမေရိကန်က ၇မှတ်ဖြင့် အုပ်စု ဗိုလ်စွဲခဲ့ပြီး ပြင်သစ်က ၆မှတ်ဖြင့် ဒုတိယ ရခဲ့သည်။

အုပ်စု E မှ ဆွီဒင်နှင့် အုပ်စု F မှ ဩစတြေးလျတို့က ၄မှတ်စီဖြင့် အကောင်းဆုံး တတိယအသင်းများ ဖြစ်ခဲ့သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များတွင် အမေရိကန်နှင့် ဆွီဒင်၊ တရုတ်နှင့် ဂျာမနီ၊ ကနေဒါနှင့် ပြင်သစ်၊ ဘရာဇီးနှင့် ဩစတြေးလျတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲများကို ၁၆ရက်နေ့နှင့် ၁၇ရက်နေ့များတွင် ကစားရမည်ဖြစ်ပြီး တတိယနေရာလုပွဲကို ၁၉ရက်နေ့၊ နောက်ဆုံး ဗိုလ်လုပွဲကို ၂၀ရက်နေ့တို့တွင် ကစားကြရမည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here