လက်ရွေးစင်အဖြစ်မှ ဒရော့ဘာနားပြီ

Aug 09 , 2014

ချဲလ်ဆီးသို့ ရောက်ရှိနေသော တိုက်စစ်မှူးဒရော့ဘာသည် အိုင်ဗရီကို့စ်လက်ရွေးစင်အဖြစ်မှ အနားယူလိုက်ပြီ ဖြစ်သည်။

သူသည် အိုင်ဗရီကို့စ်အတွက် ၁၂ နှစ်အကြာ ကစားပေးခဲ့ကာ အသင်းခေါင်းဆောင်အဖြစ် ၈ နှစ်တာဝန်ယူခဲ့ပြီး ၁၀၄ ပွဲတွင် ၆၅ ဂိုး သွင်းယူပေးခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ၃ ပွဲဝင်ရောက်ကစားခဲ့ရသည့် ဒရော့ဘာက အိုင်ဗရီကို့စ်အတွက် အသင်းခေါင်းဆောင်အဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့ရသည့်အပေါ်များစွာ ဂုဏ်ယူမိပါကြောင်း၊ ယခုကဲ့သို့ အနားယူရန်ဆုံးဖြတ်လိုက်ရသည့်အပေါ် ၀မ်းနည်းရပါကြောင်း၊ မိမိ၏ဂိုးများ၊ မိမိကစားခဲ့ရသည့်ပွဲများ၊ ရခဲ့သည့်အောင်မြင်မှုများအားလုံးသည် ပရိသတ်များအတွက်ဖြစ်ပါကြောင်း အသက် ၃၆ နှစ် ရှိပြီဖြစ်သည့် ဒရော့ဘာက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back


Advertisement
Here