La-liga News

ရီးရဲလ်ကို ဂုဏ်ပြုတဲ့ စီရိုနယ်ဒို

Aug 10 , 2016

ဆီဗီးလားအသင်းကို အချိန်ပို အနိုင်ဂိုးသွင်းကာ ဥရောပစူပါဖလားရခဲ့သည့် ရီးရဲလ်အသင်းအတွက် စီရီုနယ်ဒိုက ဆိုရှယ် ၀က်ဘ်ဆိုက်မှ ဂုဏ်ပြုပေးခဲ့သည်။

ယူရို ၂၀၁၆ ဖိုင်နယ်တွင် ဒဏ်ရာရခဲ့သော ပေါ်တူဂီသား စီရိုနယ်ဒိုမှာ ယခုပွဲစဉ်ကို အိမ်မှာပင် ကြည့်ရှုအားပေးခဲ့ရပြီး ပွဲပြီးသွား သည့် အချိန်တွင် ရီးရဲလ်အသင်းသားများ ဆုယူနေပုံကို ၀က်ဘ်ဆိုက်ပေါ်တင် ကာ ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပွဲတွင် ရီးရဲလ်က စတင်ဦးဆောင်ခဲ့သော်လည်း ၄၁မိနစ်နှင့် ၇၂ မိနစ်တို့တွင် ဆီဗီးလားက ချေပဂိုးနှင့် ဦးဆောင်ဂိုး ပြန် သွင်းသွား၍ ရီးရဲလ်မှာ အနောက်မှ အသည်းအသန်လိုက်ကစားခဲ့ရကာ နာကျင်အချိန်ပို ၃မိနစ်တွင်မှ ချေပဂိုး ပြန်သွင်းနိုင်ခဲ့သည်။

ထိုအချိန်တွင် ဆီဗီးလားမှ တစ်ယောက်အထုတ်ခံခဲ့ရသဖြင့် အချိန်ပို ကစားရာ၍ ရီးရဲလ်က တစ်ယောက်အသာဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၁၉ မိနစ်တွင် ကာဗာဂျယ်က ရီးရဲလ်အတွက် အနိုင်ဂိုး သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။

ထိုပွဲတွင် စီရိုနယ်ဒိုနှင့်အတူ ဘေးလ်၊ ကရူးစ်၊ ပီပီ၊ နာဗက်စ်တို့လည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။

U Myo Thant




<< Back La-liga News


Advertisement
Here