Europe News

အိုလံပစ် ကွာတားဖိုင်နယ်ပွဲများ

Aug 11 , 2016

ရီယိုအိုလံပစ်ပြိုင်ပွဲမှ အမျိုးသား ယူ-၂၃ဘောလုံးပွဲစဉ် အုပ်စုပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးနေ့ ပွဲစဉ်များတွင် ဂျာမနီ၊ ကိုရီးယား၊ ဂျပန်၊ ကိုလံဘီယာ၊ ဘရာဇီးတို့ အနိုင်ရခဲ့ပြီး အီရတ်၊ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့မှာ ပြိုင်ဘက်များနှင့် တစ်ဂိုးစီ သရေကျခဲ့ကြသည်။

အုပ်စု A တွင် ဘရာဇီးက ၅မှတ်ဖြင့် အုပ်စုဗိုလ်စွဲခဲ့ပြီး ဒိန်းမတ်က ၄မှတ်ဖြင့် ဒုတိယရခဲ့သည်။

အုပ်စု B တွင် နိုင်ဂျီးရီးယားက ၆မှတ်ဖြင့် အုပ်စုဗိုလ်၊ ကိုလံဘီယာက ၅မှတ်ဖြင့် ဒုတိယရခဲ့ပြီး၊ ဂျပန်နှင့် ဆွီဒင်တို့ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

အုပ်စု C တွင် တောင်ကိုရီးယားက ၇မှတ်၊ ဂျာမနီက ၅မှတ် ရခဲ့ပြီး၊ အုပ်စု D တွင် ပေါ်တူဂီက ၇မှတ်၊ ဟွန်ဒူးရပ်စ်က ၄မှတ်ရခဲ့ ကာ အာဂျင်တီးနားမှာ ၄မှတ် ရသော်လည်း ဂိုးကွာခြားချက်အရ ထွက်ခဲ့ရ သည်။

စနေ၊ တနင်္ဂနွေတို့တွင် ကစားမည့် ကွာတားဖိုင်နယ်ပွဲများတွင် ပေါ်တူဂီနှင့် ဂျာမနီ၊ နိုင်ဂျီးရီးယားနှင့် ဒိန်းမတ် ၊ တောင်ကိုရီးယားနှင့် ဟွန်ဒူးရပ်စ်၊ ဘရာဇီးနှင့် ကိုလံဘီယာတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here