ဆစ်ဆိုခို ဗီလာရောက်ပြီ

Aug 09 , 2014

လီဗာပူးတွင် အငှားဖြင့်လာကစားခဲ့သူ ဗလင်စီယာ ဘယ်နောက်ခံလူ ဆစ်ဆိုခိုသည် အက်စတန်ဗီလာသို့ ရောက်ရှိလာပြီ ဖြစ် သည်။

သူသည် လွန်ခဲ့သောရာသီက လီဗာပူးတွင် အငှားစာချုပ်ဖြင့် လာကစားခဲ့သော်လည်း နေရာမရ၊ ခြေစွမ်းလည်း မပြနိုင်ခဲ့ပေ။ ယခုအခါတွင်မူ နည်းပြလမ်းဘတ်၏ ဗီလာအသင်းက ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူခြင်းကို လက်ခံခဲ့ခြင်း ဖြစ်သည်။

ဆစ်ဆိုခိုမှာ လီဗာပူးတွင် ပြိုင်ပွဲအားလုံးအတွက် ၁၉ ပွဲကစားခွင့်ရခဲ့ပြီး ၁၂ ပွဲမှာ ပွဲဦးထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့သော် လည်း ရာသီဒုတိယပိုင်းတွင် ဖလာနာဂန်က သူ့နေရာတွင် ပို၍နေရာရသွားခဲ့သည်။

 ပေါ်တို၊ လိုင်ယွန်တို့တွင်လည်း ကစားခဲ့ဘူးသည့် ပြင်သစ်သား ဆစ်ဆိုခိုမှာ ၂၀၁၀ တွင် နော်ဝေနှင့် ကစားခဲ့သည့် ခြေစမ်းပွဲ ၌ ပြင်သစ်လက်ရွေးစင်အဖြစ် တစ်ကြိမ် အရွေးခံခဲ့ရသည်။

U Myo Thant




<< Back


Advertisement
Here