La-liga News

ဗီလာရီးရဲလ် နည်းပြနှုတ်ထွက်

Aug 11 , 2016

အသက် ၅၀ အရွယ် နည်းပြ မာဆီလီနိုမှာ ဗီလာရီးရဲလ်တွင် ၃နှစ်ခွဲကြာ တာဝန်ယူခဲ့ပြီးနောက် ရာသီစရန် နီးကပ်နေချိန် တွင် နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

လာလီဂါပြိုင်ပွဲများ စတင်ရန် နီးကပ်လာချိန်တွင် မာဆီလီနို နှုတ်ထွက်သွားခြင်းအပေါ် လူအများက အံ့အားသင့်ခဲ့ကြပြီး၊ သူသည် လွန်ခဲ့သော ရာသီက အသင်းကို အဆင့်(၄)ရအောင် ဦးဆောင်ပေးနိုင်ခဲ့ သဖြင့် ယခု ရာသီတွင် ချန်ပီယံလိဂ်ပွဲများ ကစားခွင့်ရ မည် ဖြစ်သည်။

နည်းပြ မာဆီလီနိုမှာ သူ၏ တာဝန်များမှာ နှုတ်ထွက်သွားပြီဖြစ်ကြောင်း မာဆီလီနို၊  လက်ထောက်နည်းပြ ယူရီယာ၊ ကြံ့ခိုင်ရေးနည်းပြ ဖာနန်ဒက်တို့၏ ၃နှစ်ခွဲကြာ အသင်းအတွက် ကြိုးစားပေးခဲ့သည်များကို အသိအမှတ်ပြုပါကြောင်း၊ ချန်ပီယံလိဂ် ၀င်ခွင့်၊ စပိန်ဘုရင့်ဖလားနှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့မှုစသည့်တို့အတွက် ချီးကျူးပါကြောင်း၊ ဗီလာရီးရဲလ် အနေနှင့် မာဆီလီနို၏ အနာဂတ် ပိုမိုအောင်မြင်ရန် ဆုတောင်းပါကြောင်း၊ နည်းပြသစ် ခန့်အပ်မှုကို မကြာမီ ကြေညာပေးသွား မည်ဖြစ်ကြောင်း ဗီလာရီးရဲလ်အသင်းဘက်မှ ရေးသားဖော်ပြခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here