အာတီတာ ကပ္ပတိန်ဖြစ်မည်

Aug 09 , 2014

ဗာမေလန်ထွက်ခွာတော့မည်ဖြစ်သဖြင့် လစ်လပ်သွားသည့် အာဆင်နယ်အသင်း ကပ္ပတိန်တာဝန်များကို အာတီတာက ရရှိမည် ဟု နည်းပြ၀င်းဂါးကပြောဆိုလိုက်သည်။

ဘယ်လ်ဂျီယံလက်ရွေးစင် နောက်ခံလူဗာမေလန်မှာ သက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးအသင်းပြောင်းရန် ကြံစည်နေချိန်တွင် မန်ယူကကမ်းလှမ်းခဲ့သော်လည်း ဘာစီလိုနာသို့သာ ရောင်းမည်ဟု ဆိုသည်။

အာတီတာမှာ ဒု-ကပ္ပတိန်အဖြစ် တာဝန်ယူနေခဲ့သူဖြစ်ပြီး ယခုအသင်းကပ္ပတိန်ဖြစ်သွားချိန်တွင် မာတီဆက်ကာက ဒု-ကပ္ပတိန် ဖြစ် လာမည်ဖြစ်သည်။

မန်ယူရောက် ဗန်ပါစီက အာဆင်နယ်အသင်း ကပ္ပတိန်အဖြစ် ၂၀၁၂ အထိ တာဝန်ယူခဲ့ချိန်တွင် ဗာမေလန်က ဒု-ကပ္ပတိန်ဖြစ် သည်။

အာတီတာမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့သော်လည်း သက်တမ်းတိုးရန်ဆွေးနွေးဖြစ်မည်ဟုလည်း သိရသည်။

အာဆင်နယ်အသင်းမှာ ချန်ပီယံလိဂ် တတိယဆင့်ခြေစမ်းပွဲတွင် ဘီဆစ်တပ်နှင့်တွေ့ဆုံကာ ၁၉ ရက်နေ့တွင် အဝေးကွင်း ပထမ အကျော့စတင် ကစားရမည်ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here