Serie-A News

မီလန်အကြောင်းပြောတဲ့ ဘာလူစကိုနီ

Aug 12 , 2016

မီလန်အသင်းအနေနှင့် ပိုင်ရှင်သစ်များ လက်ထက်တွင် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး  ယခင်ရှိခဲ့သော ကမ္ဘာ့အအောင်မြင်ဆုံး အသင်းဘ၀မျိုးသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု ပိုင်ရှင်ဟောင်း ဘာလူစကိုနီက ပြောဆိုလိုက်သည်။

ဘာလူစကိုနီမှာ သူပိုင်ဆိုင်ထားသော ရှယ်ယာ ၉၃.၉၃%ကို တရုတ်ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းရောင်းချခဲ့သူ ဖြစ်သည်။

ဘာလူစကိုနီမှာ ၁၉၈၆ ဖေဖော်ဝါရီလတွင် ဘဏ်ကြွေးအခက်အခဲများကြောင့် ဒုက္ခများနေသော မီလန်အသင်းကို ၀ယ်ယူခဲ့ကာ လက်ရှိ နှစ်ပေါင်း ၃၀ခန့်အတွင်း ဥရောပဖလား ၅ကြိမ်နှင့် အခြားဆုဖလား ၂၈ခု ရသည်အထိ အောင်မြင်စေခဲ့သည်။

ထို့အပြင် မာလ်ဒီနီ၊ ကော့စတာကာတာ အစရှိသော ကစားသမားများကို နာမည်ကျော် ကစားသမားများဖြစ်စေခဲ့ပြီး စီးရီအေတွင် ချန်ပီယံ ၈ကြိမ် ရရှိစေခဲ့သည်။

သို့သော် လက်ရှိ နောက်ဆုံး ၅နှစ်အတွင်းတွင် မီလန်မှာ မည်သည့်ဆုဖလားမျှ ရရှိခြင်းမရှိခဲ့ပဲ နောက်ဆုံး ၃ရာသီတွင် ထိပ်ဆုံး ၃သင်း စာရင်းပင်ဝင်ခဲ့ခြင်း မရှိပေ။

U Myo Thant




<< Back Serie-A News


Advertisement
Here