ဆောက်သင်တန်ရောက်မည့် ဖော်စတာ

Aug 09 , 2014

အင်္ဂလန်ဂိုးသမား ဖရောဇာ ဖော်စတာမှာ ဆဲလ်တစ်မှ ဆောက်သင်တန်သို့ ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့်ရောက်ရှိလာတော့ မည် ဖြစ်သည်။

ဆဲလ်တစ်မှာ ဆောက်သင်တန်၏ ပထမအကြိမ် ကမ်းလှမ်းမှုကိုပယ်ချခဲ့သော်လည်း နောက်တစ်ကြိမ်တွင် လက်ခံလိုက်ခြင်း ဖြစ် သည်။ ပြောင်းရွှေ့မှုအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များကို သဘောတူထားပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ဆေးစစ်မှုခံယူကာ စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်သည်။

 ဖော်စတာ၏အသင်းဟောင်းတစ်ခုဖြစ်သောနယူးကာဆယ်မှာ ဆဲလ်တစ်နှင့်သဘောတူထားချက်အရ ဖော်စတာ၏ပြောင်းရွေှ့ကြေး ထဲမှ ၂၅% ကို ရရှိမည်။၂၀၁၄ ကမ္ဘာ့ဖလားပွဲဝင် အင်္ဂလန်လူစာရင်းတွင် ပါဝင်ခဲ့သော ဖော်စတာမှာ ဆောက်သင်တန်ကို ပဉ္စမမြောက်ရောက်ရှိလာသူဖြစ်ပြီး ဆောက်သင်တန်သည် အသင်းမှ ကစားသမား ၅ ဦးကို လီဗာပူး၊ အာဆင်နယ်၊ မန်ယူတို့ ထံ ရောင်းချခဲ့မှုမှ ပေါင် ၉၂ သန်း ရရှိခဲ့ပြီး ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here