Bundesliga News

ဖလားစရသော အန်ဆလော့တီ

Aug 15 , 2016

ဘိုင်ယန်နည်းပြသစ် အန်ဆလော့တီမှာ ရာသီအဖွင့်ပွဲအဖြစ် ဒေါ့မွန်နှင့် ကစားရသည့် ဂျာမန်စူပါဖလားပွဲတွင် ၂းဝဖြင့် အနိုင်ရရှိ ကာ ဆုဖလားတစ်လုံးကို ဗွေဆော်ဦး ရရှိခဲ့ပြီ ဖြစ်သည်။

ဘိုင်ယန်အတွက် အနိုင်ဂိုးများကို ဗီဒယ်နှင့် မူလာတို့က ၅၈မိနစ်နှင့် ၇၉ မိနစ်တို့တွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး၊ အန်ဆလော့တီက "ဒေါ့မွန်ကစားသွားတာ တကယ်ကောင်းပါတယ်။ ကျနော်တို့ အတော်ရုန်း ပြီး ကစားခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ကျနော်တို့ ကစားပုံကောင်းခဲ့လို့ အခုလို နိုင်ခဲ့ရတာဖြစ်ပါတယ် "ဟု ပြောဆိုသွားခဲ့သည်။

ယခု ဆုဖလားမှာ အန်ဆလော့တီအတွက် နည်းပြဘ၀တွင် ၁၈ခု မြောက်ရရှိသော ဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မှာ ရာသီအဖွင့် ပွဲစဉ် (၁) အဖြစ် လာမည့် ၂၆ရက်နေ့ တွင် ၀ါဒါဘရီမင်နှင့် စတင်ကစားရမည် ဖြစ်သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here