Europe News

အိုလံပစ်ဆီမီးပွဲစဉ်များ

Aug 15 , 2016

ရီယိုအိုလံပစ် ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ဂျာမနီက ပေါ်တူဂီကို ၄းဝ၊ နိုင်ဂျီးရီးယားက ဒိန်းမတ်ကို ၂းဝ၊ ဟွန်ဒူးရပ်စ်က တောင်ကိုရီးယားကို ၁းဝ၊ အိမ်ရှင် ဘရာဇီးက ကိုလံဘီယာကို ၂းဝ တို့ ဖြင့် အနိုင်ယူခဲ့သည်။

၁၇ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင် ကစားမည့် ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဘရာဇီးနှင့် ဟွန်ဒူးရပ်စ်၊ နိုင်ဂျီးရီးယားနှင့် ဂျာမနီတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမျိုးသမီးပွဲစဉ်များတွင် ဆွီဒင်နှင့် ဘရာဇီးတို့မှာ အမေရိကန်နှင့် ဩစတြေးလျတို့ကို ပယ်နယ်တီအဆုံးအဖြတ်များဖြင့် အနိုင်ရခဲ့ပြီး၊ ဂျာမနီနှင့် ကနေဒါတို့က တရုတ်နှင့် ပြင်သစ်တို့ကို ၁းဝစီဖြင့် အနိုင်ရခဲ့သည်။

၁၆ရက်နှင့် ၁၇ရက်နေ့များတွင် ကစားမည့် ဆီမီးပွဲစဉ်များတွင် ဘရာဇီးနှင့် ဆွီဒင်၊ ကနေဒါနှင့် ဂျာမနီတို့ တွေ့ဆုံကြမည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here