Europe News

ဂျာမနီနှင့် ဆွီဒင် ဗိုလ်လုမည်

Aug 17 , 2016

ဘရာဇီးတွင် ကျင်းပနေသော ရီယိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂျာမနီနှင့်ဆွီဒင်တို့ ဗိုလ်လုကြရမည် ဖြစ်သည်။

ယမန်နေ့က ဆီမီးဖိုင်နယ်ပွဲများ ကစားခဲ့ရာတွင် ဆွီဒင် အိမ်ရှင် ဘရာဇီးကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် နိုင်ခဲ့ပြီး၊ ဂျာမနီက ကနေဒါကို ၂းဝဖြင့် အနိုင်ရရှိခဲ့သည်။

ဆွီဒင်နှင့် ဘရာဇီးပွဲတွင် ဘရာဇီးအနေနှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အကောင်းဆုံး အခွင့်အရေးရခဲ့သော် လည်း ဖော်မီဂါ၏ ခေါင်းတိုက်ချက်ကို ဆွီဒင်ဂိုးသမား လင်ဒါက ကာကွယ်သွားနိုင်ခဲ့သဖြင့် အနိုင်ရလဒ်နှင့် ဝေးခဲ့ရသည်။

အချိန်ပိုတွင်ပါ ဂိုးမရှိသရေကျနေသောကြောင့် ပယ်နယ်တီကန်ရာတွင် ဆွီဒင်က ၄း၃ဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ဂျာမနီနှင့် ကနေဒါပွဲတွင် ၂၁ မိနစ်၌ ဂျာမနီမှ ဘီရင်ဂါက ပယ်နယ်တီမှ တစ်ဆင့်လည်းကောင်း၊ ၅၉ မိနစ်တွင် မီတက် ၏ ပေးပို့မှုမှာ တစ်ဆင့် ဒါဘရစ်ကလည်းကောင်း ဂိုးများသွင်းယူနိုင်ခဲ့ကြသည်။

တတိယနေရာလုပွဲကို ၁၉ရက်နေ့တွင် ဗိုလ်လုပွဲကို ၂၀ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်သည်။

 

 

U Myo Thant

<< Back Europe News


Advertisement
Here