Serie-A News

မီလန်အကြောင်းပြောတဲ့ ကာကာ

Aug 17 , 2016

ပိုင်ရှင်သစ် လက်တွင်းသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သော မီလန်အနေနှင့်  မကြာမီ အောင်မြင်သည့် အသင်းတစ်သင်းအနေ အဖြစ် ပြန်လည်ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း၊ မီလန်တွင် နာမည်ကျော် ကစားသမားဖြစ်ခဲ့သူ ဘရာဇီးသား ကာကာ က ပြောဆိုလိုက်သည်။

ကာကာမှာ မီလန်တွင်  ၂၀၀၃မှ ၂၀၀၉အထိ ကစားခဲ့စဉ်က စီးရီးအေ ချန်ပီယံ၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကမ္ဘာ့ချန်ပီယံ ကလပ်များဖလား စသည့်တို့ကို ရရှိခဲ့သူဖြစ်ပြီး၊ ၂၀၀၇တွင် ဖီဖာကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရခဲ့သူ ဖြစ်သည်။

သူသည် ၂၀၀၉မှ ၂၀၁၃အထိ ရီးရဲလ်တွင် သွားကစားခဲ့ပြီး၊ ၂၀၁၃-၁၄ရာသီတွင် မီလန်၌ ပြန်လာကစားသူ ဖြစ်သည်။

မီလန်အသင်းမှာ စီးရီးအေ ချန်ပီယံဆုကို ၂၀၁၁က နောက်ဆုံးရခဲ့ပြီး၊ ထိုနောက်ပိုင်းတွင် အခြေအနေမကောင်းခဲ့ပဲ လွန်ခဲ့သော ရာသီတွင် အဆင့် ၇သာ ရရှိခဲ့သည်။

လက်ရှိတွင် မေဂျာလိဂ်ကလပ် အော်ဂန်ဒိုစီးတီးတွင် ကစားနေသော ၃၄နှစ်သား ကာကာက "မီလန်အနေနဲ့ လာမယ့် ရာသီတွေ မှာ အရင်လို ထိပ်တန်းအဆင့် အသင်းမျိုး ပြန်ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်"ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here