Europe News

၁၄ စက္ကန့်နဲ့ ဂိုးရတဲ့ နေမာ

Aug 18 , 2016

ရီယိုအိုလံပစ် အမျိုးသားဘောလုံးပွဲစဉ် ဆီမီးဖိုင်နယ်ပွဲတစ်ပွဲဖြစ်သည့် ဘရာဇီးနှင့် ဟွန်ဒူးရပ်စ်တို့ပွဲစဉ်တွင် ဘရာဇီးသား နေမာမှာ ပွဲစပြီး ၁၄စက္ကန့်အတွင်း ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး အိုလံပစ် သမိုင်း တစ်လျှောက် အမြန်ဆုံး ဂိုးအဖြစ် စံချိန်တင်ခဲ့သည်။

ထိုပွဲတွင် ဘရာဇီးက ၆းဝဖြင့် အနိုင်ရခဲ့ပြီး နေမာက နာကျင်အချိန်ပို တစ်မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် နောက်တစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ဂျီးဆပ်က ၂ဂိုး၊ မာကွင်ဟိုနှင့် လူအန်တို့က ၁ဂိုးစီ သွင်းယူနိုင် ခဲ့သည်။

အခြားဆီမီးဖိုင်နယ်ပွဲတွင် ဂျာမနီက နိုင်ဂျီးရီယားကို ၂းဝဖြင့် အနိုင်ရခဲ့ပြီး ဂိုးများကို ကလိုစတာမန်နှင့် ပီတာဆန်တို့က ၉မိနစ်နှင့် ၈၉မိနစ် တို့တွင် သွင်းယူခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ဘရာဇီးနှင့် ဂျာမနီတို့ တွေ့ဆုံကြမည်ဖြစ်ပြီး ဂျာမနီအနေနှင့် အမျိုးသားအသင်းအပြင် အမျိုးသမီးအသင်းပါ ဗိုလ်လုပွဲ အထိ ရောက်ရှိနေပြီ ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here