Europe News

မစဉ်းစားသေးတဲ့ အွန်နရီ

Aug 09 , 2014

နယူးယောက်ရက်ဒ်ဘူးလ်အသင်းမှ တိုက်စစ်မှူး အွန်နရီက သူသည် အနာဂတ်ကိုမစဉ်းစားမဆုံးဖြတ်ရသေးကြောင်း ပြောဆိုလိုက် သည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော အွန်နရီမှာ အသင်းနှင့် စာချုပ်စေ့တော့မည်ဖြစ်ပြီး လာမည့်အောက်တိုဘာတွင် မေဂျာလိဂ်ရာသီကုန် ဆုံးမည် ဖြစ်သည်။

 မေဂျာလိဂ်မှ အမေရိကန်တိုက်စစ်မှူး လန်ဒန်ဒိုနိုဗန် အနားယူတော့မည့်သတင်း ထွက်ပေါ်လာပြီးနောက် သတင်းသမားများက အွန်နရီကို မေးမြန်းကြရာတွင် အထက်ပါအတိုင်း ဖြေဆိုသွားခဲ့ခြင်းဖြစ်သည်။

ရက်ဒ်ဘူးလ် အသင်းနည်းပြဟောင်လီယာက အွန်နရီအနေနှင့် ၂၀၁၅ တွင် ဘာလုပ်မည်ကို မိမိမသိရှိပါကြောင်း ပြောဆိုထားပြီး အွန်နရီကလည်း ကျနော့်သူငယ်ချင်းတွေက ကျနော်ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်တုန်းပဲလို့ ပြောပေမယ့် ပွဲပြီးတဲ့အခါ ခြေကုန် လက်ပမ်းကျသလိုမျိုး ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ကျနော် ဘယ်လိုလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here