AFC Cup News

အသင်းပိုင်ရှင်ပေါ်မူတည်သည့်မကွေးအသင်း

Aug 19 , 2016

မကွေးအသင်းသည် ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက်၂၀၁၇ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင်ရန်၊ မ၀င်ရန် မှာ အသင်းပိုင်ရှင်အပေါ်တွင် မူတည်သည်ဟု နည်းပြချုပ် ဦးကြည်လွင်ထံမှ သိရသည်။

ဩဂုတ် ၁၇ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ဒုတိယပိုင်း သွင်းဂိုးများဖြင့် ပွဲအပြီးတွင် ၂ဂိုး-၁ဂိုး ဖြင့် အနိုင်ရရှိကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့မှ မကွေးအသင်း ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက မြန်မာနေရှင်နယ်လိဂ် အဆင့်(၂)အသင်းကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးသွားမည်ဖြစ်ရာ လက်ရှိတွင် မကွေးအသင်းက အဆင့် (၂)တွင် ရပ်တည်နေသောကြောင့် အဆင့် (၃)မှ အသင်းကို AFC Cup ၀င်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်ထံမှ သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here