Europe News

အမျိုးသမီးပွဲ ဂျာမနီဗိုလ်စွဲ

Aug 20 , 2016

ရီယို အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ဂျာမနီအသင်းက ဆွီဒင်အသင်းကို ၂း၁ဖြင့် အနိုင်ရရှိသွားခဲ့ သည်။

ဂျာမနီအသင်းမှာ ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ခဲ့ပဲ  ၄၈ မိနစ်တွင် မာရိုဆန်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး၊  ၆၁ မိနစ်တွင် ဆွီဒင်မှ ဆမ်ဘရင့်က ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့၍ ဂျာမနီက ၂းဝဖြင့် ဦးဆောင်နိုင်ခဲ့ သည်။

၆၆မိနစ်တွင် ဆွီဒင်မှ ဘလက်စတီးနပ်က ချေပဂိုး တစ်ဂိုးသွင်းနိုင်ခဲ့သော်လည်း နောက်ထပ် ဂိုးမသွင်းနိုင်တော့သဖြင့် ဂျာမနီက အနိုင်ရ ဗိုလ်စွဲသွားခြင်း ဖြစ်သည်။

တတိယနေရာလုပွဲတွင် ကနေဒါက အိမ်ရှင် ဘရာဇီးကို ၂း၁ဖြင့်ပင် အနိုင်ရကာ တတိယကြေး တံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။

ယနေ့တွင် အမျိုးသားပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဟွန်ဒူးရပ်စ်နှင့် နိုင်ဂျီးရီးယား၊ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဘရာဇီးနှင့် ဂျာမနီတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here