Bundesliga News

အမြတ်ပေါ်သော ဒေါ့မွန်

Aug 20 , 2016

ဒေါ့မွန်အသင်းမှာ ၂၀၁၅ ဇူလိုင် ၁ရက်နေ့က ၂၀၁၆ ဇွန်လ ၃၀ရက်နေ့အထိဖြစ်သော ဘဏ္ဍရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ယူရို ၃၇၆.၃သန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းပမာဏမှာ လွန်ခဲ့သော တစ်နှစ်ကထက် ၃၆.၆% ပိုတိုးလာခြင်းဖြစ်ပြီး အသင်း CEO ၀တ်ဇကီက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကစားသမားအပြောင်းအရွှေ့များနှင့် အတူ အခွန်ဆောင်ပြီး လက်ကျန်အမြတ်ငွေမှာ ယူရို ၂၉.၄သန်း ဟုဆိုသည်။

ထို့အပြင် ယင်းကာလပြီးမှ အသင်းပြောင်းခဲ့ကြသော ဂန်ဒိုဂန်၊ ဟမ်းမဲလ်နှင့် အမ်ခီတာရန်တို့အတွက် ရရှိခဲ့သော ပြောင်းရွှေ့ကြေး များမှာ ထိုစာရင်းတွင် ပါဝင်ခြင်း မရှိသေးဟု ၀တ်ဇကီက ဆက်လက်ပြော ဆိုခဲ့သည်။

ဒေါ့မွန်အသင်းမှာ ယခုရာသီ အဖွင့်ပွဲစဉ်အဖြစ် ၂၇ရက်နေ့တွင် မင့်ဇ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here