Serie-A News

ဒေါသထွက်နေသော ဟန်ဒါနိုဗစ်

Aug 22 , 2016

စီးရီးအေ ရာသီအဖွင့်ပွဲစဉ်တွင် ချီယေးဗိုးအသင်းကို ၀း၂ဖြင့် ရှုံးခဲ့ရသော ပွဲအတွက် ဒေါသထွက်မိကြောင်း အင်တာဂိုးသမား ဟန်ဒါနိုဗစ်က ပြောဆိုလိုက်သည်။

ထိုပွဲတွင် ချီယေးဗိုးအတွက် အနိုင်ဂိုး ၂ဂိုးလုံးကို ဒုတိယပိုင်းတွင် ဘာဆာက သွင်းယူပေးသွားခြင်းဖြစ်ပြီး အင်တာနည်းပြသစ် ဒီဘိုးဝါးအတွက် မျက်နှာမလှသောပွဲ ၁ပွဲ ဖြစ်ခဲ့ရသည်။

အင်တာအသင်းမှာ ရာသီကြို ခြေစမ်းပွဲများတွင် စပါးကို ၆း၁၊ ဘိုင်ယန်ကို ၄း၁၊ PSG ကို ၃း၁တို့ဖြင့် ရှုံးခဲ့ပြီးနောက် ရာသီစရန် ၂ပတ်ခန့်အလိုတွင် နည်းပြ မန်ချီနီကို ထုတ်ပယ်ခဲ့ကာ ဒီဘိုးဝါးကို ခန့်အပ်ခြဲ့ခင်း ဖြစ်သည်။

ဟန်ဒါနိုဗစ်က ခြေစမ်းပွဲများတွင် ရှုံးရခြင်းကြောင့် မန်ချီနီကို ထုတ်ပယ်ရခြင်းအပေါ် ဝေဖန်ပြောဆိုခဲ့ပြီး လွန်ခဲ့သောရာသီ ရာသီ အစပိုင်းတွင် ရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံးတွင် ဗိုလ်စွဲခဲ့သည့် ဂျူဗင်တပ်အသင်းကို ဥပမာပေး၍ လာမည့် ပွဲစဉ်များတွင် ကြိုးစားရန် အသင်းသားများကို တိုက်တွန်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here