La-liga News

စိတ်ပျက်သွားတဲ့ ဆီမြွန်းနီ

Aug 22 , 2016

ပွဲပြီးခါနီးမှ ချေပဂိုးပြန်ပေးလိုက်ရသည့်အပေါ် အက်သလက်တီကို နည်းပြ ဆီမြွန်းနီက များစွာစိတ်ပျက်မိကြောင်း ပြောဆို လိုက်သည်။

အက်သလက်တီကိုအသင်းမှာ ရာသီအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် တန်းတက် အလာဗက်စ်ကို လက်ခံကစားရာ၌ နာကျင် အချိန်ပို ၃မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် အနိုင်ဂိုးရခဲ့ပြီး ၃မှတ်ရပြီဟု ထင် မှတ်ခဲ့ရသော်လည်း နောက် ၂မိနစ် အကြာတွင် ချေပဂိုးပြန်ပေးလိုက်ရကာ သရေကျသွားခြင်း ဖြစ်သည်။

ဆီမြွန်းနီက ပွဲအပြီးတွင် တယ်ဆိုးတဲ့ အရသာပဲ ဟုဆိုခဲ့ပြီး အနိုင်ဂိုးကို မထိန်းနိုင်ပဲ ၂မိနစ်အတွင်း ဂိုးပြန်ပေးလိုက်ရခြင်းအပေါ် မယုံစရာဟု ပြောဆိုလိုက်သည်။

ပွဲစကတည်းက ဒီပွဲမှာ ၃မှတ်ရဖို့ ကျနော်တို့ ရည်ရွယ်ခဲ့ပါတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဒါပေမယ့် ပွဲအပြီး မှာတော့ ခါးသက်သက် အရသာပဲ ခံစားလိုက်ရပါတယ်။ သူတို့ ဂိုးသမား ကစားတာ တော်တော်ကောင်း ပါတယ်။ ဘောလုံးပွဲမှာ ဂိုးသွင်းနိုင်မှ နိုင်မှာလေ။ ကျနော်တို့ လိုသလောက်ဂိုးမှ မရခဲ့တာဟု ဆီမြွန်းနီက ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here