Champions League

ရော်ဂျာစ်၏ အဓိကပစ်မှတ်

Aug 23 , 2016

မိမိတို့အနေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲသို့ အမြဲတမ်း ပါဝင်ယှဉ်ပြိုင်ခွင့်ရနေရေးမှာ အဓိက ပစ်မှတ်ဖြစ်ကြောင်း ဆဲလ်တစ် နည်းပြ ရော်ဂျာစ်က ပြောဆိုလိုက်သည်။

ဆဲလ်တစ်အသင်းမှာ ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် Play-Off အဆင့်သို့ ရောက်နေပြီး အစ္စရေးကလပ် ဟာပိုးလ်နှင့် ပထမအကျော့ အိမ်ကွင်းပွဲတွင် ၅း၂ဖြင့် နိုင်ထားသောကြောင့် အုပ်စု အဆင့်ရောက်ရန် အခြေအနေကောင်းနေကာ ယနေ့တွင် ဒုတိယအကျော့အဖြစ် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

ဆဲလ်တစ်မှာ ပထမအကျော့ အိမ်ကွင်းပွဲတွင် ပထမပိုင်း၌ပင် ၃ဂိုးပြတ်ဖြင့် နိုင်ထားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ညပွဲတွင် အခြေ အနေကောင်းခဲ့ပါက ၂၀၁၃ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ပထမဆုံး အကြိမ်အဖြစ် ပြန်လည်ရောက်ရှိနိုင် မည် ဖြစ်သည်။

လီဗာပူးနည်းပြဟောင်း ရော်ဂျာစ်မှာ ယခုရာသီ ဆဲလ်တစ်ကို ပွဲဦးထွက် ၂ပွဲလုံး အနိုင်ရရှိစေရန် ဦးဆောင်မှု ပေးထားနိုင်ခဲ့ပြီ ဖြစ် သည်။

U Myo Thant

<< Back Champions League


Advertisement
Here