La-liga News

မူစတာဖီကို မရောင်းပါ

Aug 23 , 2016

အာဆင်နယ်က ပစ်မှတ်ထားနေသော နောက်ခံလူ မူစတာဖီကို ထုတ်ရောင်းမည်မဟုတ်ဟု ဗလင်စီယာ နည်းပြ အေရက်စ်တာရန် က ပြောဆိုလိုက်သည်။

အိမ်ကွင်းတွင် လာပါးမက်စ်အသင်းအား ၂း၎ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်  ဂျာမနီလက်ရွေးစင် မူစတာဖီမှာ လူစားဝင်ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး ၂၄နှစ်သား မူစတာဖီနှင့် ပတ်သက်၍ နည်းပြက "သူဒီမှာပဲ ရှိသွားမှာပါ။ အပြောင်းအရွှေ့ကာလက ရှိနေဆဲမို့ အရာအားလုံးက ဖြစ်နိုင်ဆဲပါပဲ။ ဒါပေမယ့် ထုတ်ရောင်းရမယ့်အထဲမှာ သူမပါပါဘူး "ဟု ပြောဆိုခဲ့သည်။

နည်းပြ အေရက်စ်တာရန်က တိုက်စစ်မှုး အယ်ကာဆာနှင့် ပတ်သက်၍လည်း "ကျနော်ကတော့ မူစတာဖီကော၊ အယ်ကာဆာပါ ဒီမှာဆက်ရှိသွားဖို့ ရည်မှန်းထားပါတယ်" ဟု ဆက်လက် ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here