Bundesliga News

လက်ကျိုးခဲ့သော ဟာနန်ဒက်စ်

Aug 24 , 2016

လေဗာကူဆင် တိုက်စစ်မှုး ဟာနန်ဒက်စ်မှာ လှေကားမှ ချော်ကျကာ ညာဘက်လက်ကျိုးသွားသောကြောင့် ၂ပတ်ခန့်နားရမည် ဟု သိရသည်။

မန်ယူတိုက်စစ်မှုးဟောင်းဖြစ်သူ ဟာနန်ဒက်စ်မှာ ယမန်နေ့က ထိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသခံရမည်ဖြစ်ကာ ဘွန်ဒစ်လီဂါ ပွဲစဉ် (၁) ဖြစ်သော မိုချင်ဂလက်ဘက်နှင့် ပွဲကို လွဲချော်မည် ဖြစ်သည်။

လာမည့် စနေနေ့တွင် ကစားရမည့် ထိုပွဲ၌ လေဗာကူဆင်ဘက်မှ ဟာနန်ဒက်စ်နှင့် အတူ အသင်းခေါင်းဆောင် ဘန်ဒါလည်း ပါဝင်နိုင်မည် မဟုတ်ပေ။

ဘန်ဒါမှာ ရီယိုအိုလံပစ်ပြိုင်ပွဲဝင် ဂျာမနီအသင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး ဘရာဇီးနှင့် ကစားခဲ့ရသော ဗိုလ်လုပွဲတွင် ဒဏ်ရာရ ခဲ့ခြင်းကြောင့် ဂလက်ဘက်နှင့် ပွဲကို မပါဝင်နိုင်ခြင်း ဖြစ်သည်။

ဟာနန်ဒက်စ်မှာ မန်ယူမှ ရီးရဲလ်သို့ အငှားကစားသမားအဖြစ် ၂၀၁၄-၁၅တွင် သွားရောက်ကစားခဲ့ ပြီးနောက် လေဗာကူဆင်သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

မက္ကဆီကိုသား ဟာနန်ဒက်စ်မှာ မန်ယူတွင်  ၅နှစ်ကြာ ကစားခဲ့ကာ ၁၅၇ပွဲတွင် ၅၉ဂိုး သွင်းယူခဲ့ပြီး၊ လေဗာကူဆင်တွင် ၂၈ပွဲ ကစား ၁၇ဂိုး ရခဲ့ပြီ ဖြစ်သည်။

 

 

U Myo Thant

<< Back Bundesliga News


Advertisement
Here