Asian Cup News

တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာပါမည်

Aug 25 , 2016

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစာသမား ၁၄ဦးဖြင့် တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင်  ၀င်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားဖူဆယ်အသင်းနှင့် ဩဂုတ် ၂၆ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရ သည်။

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသည့် လေးနိုင်ငံဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်းသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့သို့ ထွက်ခွာခဲ့သည်။

ယင်းပြိုင်ပွဲကို တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် (CFA)က ဦးမှုးကျင်းပခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို လာရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် ယင်း ပြိုင်ပွဲတွင် အိမ်ရှင်တရုတ် လက်ရွေးစင် ဖူဆယ်အသင်း၊ အင်ဒိုနီးရှားလက်ရွေးစင်ဖူဆယ်အသင်း၊ အီဂျစ်လက်ရွေးစင်ဖူဆယ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲကို ဩဂုတ် ၂၆ရက်၊ ၂၇ရက်၊ ၂၈ရက် သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အဖွင့်ပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းနှင့် ဩဂုတ် ၂၆ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ ဒုတိယပွဲစဉ်အဖြစ် ဩဂုတ် ၂၇ရက်တွင် တရုတ်အသင်းနှင့် ဩဂုတ် ၂၈ရက်တွင် အီဂျစ်အသင်းတို့နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး သုံးပွဲကစား အပြီးတွင် အမှတ်အများဆုံးအသင်းက ချန်ပီယံဆု ရရှိမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်ကစားသမားများမှာ ဂိုးသမားများအဖြစ် ကျော်ထက်အောင်၊ မင်းမင်းသိန်း၊ ကစားသမားများ အဖြစ် ပြည့်ဖြိုးမောင်(၂)၊ ပြည့်ဖြိုးမောင်(၃)၊ ငြိမ်းမင်းစိုး၊ ခင်ဇော်လင်း၊ အောင်အောင်၊ ထက်မြက်နိုင်၊ နိုင်ရဲကျော်၊ စိုင်းပြုံးအောင်၊ ရဲရင့်ဦး၊ ကောင်းချစ်သူ၊ ကျော်စိုးမိုးနှင့် အောင်ဇင်ဦးတို့ ဖြစ်သည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here