၇ ယောက်ထွက်ရမည့် မန်ယူ

Aug 11 , 2014

မန်ယူကစားသမား ၇ ဦး ဖြစ်သည့် ဟာနန်ဒက်စ်၊ ဖယ်လာနီ၊ ဇာဟာ၊ ၀ီလ်ကိန်း၊ နာနီ၊ အန်ဒါဆင်နှင့် ရာဖေးလ်တို့ကို အသင်းပြောင်းရန် နည်းပြ ဗန်ဂေါလ်က စီစဉ်နေကြောင်း သိရသည်။

ဗန်ဂေါလ်သည် ထိုကစားသမားများနှင့်တွေ့ဆုံ၍ မန်ယူအနာဂတ်တွင် ၎င်းတို့မပါဝင်တော့ကြောင်း ပြောဆိုခဲ့ပြီး ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သူ ဂျပန်လက်ရွေးစင် ကာဂါဝါမှာမူ ကျန်နေခဲ့မည်ဟု ဆိုသည်။

သို့သော် ကာဂါဝါမှာ မာတာ၊ ဟာရားရားတို့ အနောက်မှ တတိယဦးစားပေးအဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။

တိုက်စစ်မှူး ဟာနန်ဒက်စ်ကို ဆောက်သင်တန်၊ အင်တာ၊ စပါး၊ အက်သလက်တီကို၊ ဂျူဗင်တပ်တို့က ခေါ်လိုနေပြီး ဖယ်လာနီမှာမူ နာပိုလီ၏ စိတ်ဝင်စားမှုကို ခံနေရသူဖြစ်သည်။

ဇာဟာမှာလည်း နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဟမ်းတို့က ခေါ်လိုသည့် ကစားသမားဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here