Capital One Cup News

EFL ဖလား တတိယဆင့်ပွဲစဉ်များ

Aug 25 , 2016

ကားလင်းဖလား၊ ကက်ပီတယ်ဝမ်းဖလားစသည့် အမည်များဖြင့် ယှဉ်ပြိုင်ကစားစေခဲ့ပြီး၊ ယခု EFL ဟု သတ်မှတ်ထားသည့် ဖလားပြိုင်ပွဲမှာ တတိယဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယခု တတိယဆင့်တွင် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးများ ပါဝင်လာပြီဖြစ်ပြီး ပရီးမီးယားအသင်းအချင်းချင်း ဆုံတွေ့သော ပွဲစဉ်များလည်း ပါလာခဲ့သည်။

လက်ရှိ ချန်ပီယံမန်စီးတီးအသင်းမှာ ပရီးမီးယားပြိုင်ဘက် ဆွမ်ဆီးနှင့်တွေ့ဆုံရမည်ဖြစ်ပြီး ပရီးမီးယားချန်ပီယံ လက်စတာက ချဲလ်ဆီးကို ဧည့်ခံရမည် ဖြစ်သည်။

စတုတ်အသင်းက ဟောလ်စီးတီး၊ ဆောက်သင်တန်က ပဲလေ့စ်တို့ကို အိမ်ရှင်အဖြစ် တွေ့ဆုံရမည်ဖြစ်သည်။ အခြားပွဲစဉ်များ မှာ နော်တင်ဟမ်-အာဆင်နယ်၊ လိဒ်စ်-ဘလက်ဘန်း၊ ကျူပီအာ-ဆန်းဒါးလန်း၊ ၀က်စ်ဟမ်း-အက္ကရင်တန်၊ ဖူလ်ဟမ်-ဘရစ္စတို၊ ဘုန်းမောက်-ပရက်စတန်၊ စပါး-ဂီလီဟမ်၊ အဲဗာတန်-နောဝစ်၊ ဒါဘီ-လီဗာပူး၊ နော့သမ်တန်-မန်ယူ၊ ဘရိုက်တန်-ရီးဒင်း၊ နယူးကာဆယ်-၀ုလ်ပွဲစဉ်များ ဖြစ်ကြပြီး စက်တင်ဘာ ၁၉ရက်နေ့တွင် ကစားကြရမည်ဖြစ်သည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here