Champions League

ချန်ပီယံအုပ်စုပွဲစဉ်များမဲခွဲ

Aug 26 , 2016

ချန်ပီယံလိဂ် အုပ်စုများ မဲခွဲခြင်းကို ယမန်နေ့က ကျင်းပခဲ့ရာ မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာ အသင်းဟောင်း ဘာစီလိုနာနှင့် ပြန်တွေ့ရတော့မည် ဖြစ်သည်။

ပရီးမီးယားလိဂ်မှ မန်စီးတီးမှာ ဘာစီလိုနာ၊ ဆဲလ်တစ်၊ မိုချင်ဂလက်ဘက်တို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

ပရီးမီးယား ချန်ပီယံ လက်စတာမှာ ပေါ်တို၊ ကလပ်ဘရုခ်ျ၊ ကိုပင်ဟေဂင်တို့နှင့် ကစားရမည်ဖြစ်၍ အုပ်စုချောင်သည်ဟုဆိုနိုင်ပြီး အာဆင်နယ်မှာ PSG၊ ဘေဆယ်၊ လူဒိုဂိုရက်စ်တို့နှင့် ဆုံရမည်ဖြစ်ကာ စပါးမှာ မိုနာကို၊ CSKA၊ လေဗာကူဆင်တို့နှင့် တွေ့ရ မည် ဖြစ်သည်။

နာမည်ကြီး ရီးရဲလ်မှာ ဒေါ့မွန်၊ စပို့တင်း၊ လီဂီရာတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

အခြားအုပ်စုများမှာ အုပ်စု B ဘင်ဖီကာ၊ နာပိုလီ၊ ဒိုင်နမိုကိယက်၊ ဘီဆစ်တပ်၊ အုပ်စု D ဘိုင်ယန်၊ တီကို၊ PSV ၊ ရော့စတော့၊ အုပ်စု H ဂျူဗင်တပ်၊ ဆီဗီးလား၊ လိုင်ယွန်၊ ဒိုင်နမိုဇာဂရက်တို့ ဖြစ်ကြသည်။

အုပ်စုပွဲစဉ်များကို လာမည့်စက်တင်ဘာ ၁၃-၁၄ရက်များတွင် စတင်ကစားကြမည်ဖြစ်ပြီး၊ နောက်ဆုံး ဗိုလ်လုပွဲကို ကာဒစ်တွင် ဇွန်လ ၃ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here