နားရဦးမည့် ဝေါ်လ်ကာ

Aug 11 , 2014

စပါးနောက်ခံကစားသမား ကိုင်လီဝေါ်လ်ကာမှာ ဒဏ်ရာသက်သာခြင်းမရှိသေးသဖြင့် စပါးအတွက် ကစားနိုင်ဦးမည်မဟုတ်သည့် အပြင် အင်္ဂလန်၏ ဆွစ်ဇာလန်နှင့် ကစားရမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကိုလည်း လွဲချော်မည်ဟု ဆိုသည်။

၂၄ နှစ်သား ညာနောက်ခံလူ ဝေါ်လ်ကာမှာ လွန်ခဲ့သည့် မတ်လ ဒဏ်ရာရချိန်မှစ၍ နားနေရသူဖြစ်ပြီး သူ၏ကြံ့ခိုင်မှုမှာ အားရစရာ မရှိသေးသဖြင့် ဆက်နားရခြင်း ဖြစ်သည်။

နည်းပြ ပိုချက်တီနိုက ဝေါ်လ်ကာရဲ့ အခြေအနေက သိပ်မကောင်းသေးပါဘူး။ ဒါပေမယ့် အမြန်ဆုံး ပြန်ကစားလာနိုင်မယ် လို့ မျှော်လင့်ပါတယ် ဟု ပြောဆိုသွားခဲ့သည်။

ယခုကဲ့သို့ ဝေါ်လ်ကာ နားနေရချိန်တွင် ပိုချက်တီနိုမှာ ဆီယက်တယ်လ်ဆောင်းဒါးစ်အသင်းမှ ညာနောက်ခံလူ ရက်ဒ်လင်ကို ပေါင် ၂.၇၅ သန်းဖြင့်ခေါ်ယူရန် ကြိုးစားနေပြီး မကြာမီရက်ပိုင်းအတွင်း အဆင်ပြေလိမ့်မည်ဟု သိရသည်။

၂၁ နှစ်သား ရက်ဒ်လင်မှာ ကမ္ဘာ့ဖလားပွဲတွင် အမေရိကန်အတွက် လူစားဝင်ကစားသမားအဖြစ် ၃ ပွဲကစားခွင့်ရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here