Europa League

ရှုံးပွဲတွေ့သော ၀က်စ်ဟမ်း

Aug 26 , 2016

ယူရိုပါလိဂ် Play-Off ဒုတိယအကျော့ပွဲစဉ်တွင် ၀က်စ်ဟမ်းအသင်းမှာ အိမ်ကွင်း၌ အက်စ်ထရာအသင်းကို ၀း၁ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အုပ်စုအဆင့်သို့ပင် မရောက်တော့ပဲ ပြိုင်ပွဲမှ ထွက်လိုက်ရပြီ ဖြစ်သည်။

ပထမအကျော့တွင် အဝေးဂိုးရထားကာ ၁း၁ဖြင့် သရေကစားနိုင်ခဲ့သည့် ၀က်စ်ဟမ်းမှာ အနည်းဆုံး ဂိုးမရှိသရေကစားနိုင် ပါက နောက်တစ်ဆင့်တက်နိုင်မည်ဆိုသော်လည်း ရှုံးနိမ့်သွားခဲ့သောကြောင့် ထွက် ခဲ့ရခြင်းဖြစ်သည်။

အက်စ်ထရာအသင်းအတွက် အဖိုးတန်ဂိုးကို ၄၅ မိနစ်တွင် နီကူလာ၏ ပေးပို့မှုမှာတစ်ဆင့် တိုင်စီရာက သွင်းယူသွား ခဲ့ခြင်း ဖြစ်သည်။

ရိုမေးနီးယားကလပ် အက်စ်ထရာမှာ လွန်ခဲ့သောနှစ် ယူရိုပါလိဂ်တွင်လည်း ၀က်စ်ဟမ်းကို အနိုင်ယူခဲ့သည့် အသင်းဖြစ်သည်။

Play-Off ပြိုင်ပွဲများ ပြီးဆုံးသွားပြီဖြစ်သဖြင့် ယနေ့ သောကြာနေ့တွင် အုပ်စုအဆင့် မဲခွဲမှု ပြုလုပ်မည်ဖြစ်ပြီး၊ ထိုအုပ်စုအဆင့်တွင် နည်းပြ မော်ရင်ဟို၏ မန်ယူအသင်းပါဝင်လာမည် ဖြစ်သည်။

 

U Myo Thant

<< Back Europa League


Advertisement
Here