Serie-A News

ရိုးမားအကြောင်းပြောတဲ့ စပါလက်တီ

Aug 27 , 2016

ချန်ပီယံလိဂ် Play-Off ပွဲတွင် ပေါ်တိုကို နှစ်ကျော့ပေါင်း ၄း၁ဖြင့် ရှုံးခဲ့သဖြင့် ယူရိုပါလိဂ်သို့ ဆင်းကစားရမည့် ရိုးမားအသင်း ကစား ပုံကို နည်းပြ စပါလက်တီက ဝေဖန်လိုက်သည်။

ရိုးမားမှာ ပေါ်တိုကို ရှုံးခဲ့သည့်အပြင် ယင်းနှစ်ကျော့၌ ကစားသမား ၃ဦး အထုတ်ခံခဲ့ရသေးသည်။

ရိုးမားအနေနှင့် ယူရိုပါလိဂ် အုပ်စုမဲခွဲရာတွင် ဗစ်တိုးရီးယား ပလာဇန်၊ ဩစတြီးယား ဗီယင်နာ၊ အက်စ်ထရာအသင်းများနှင့် တစ် အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုချောင်သည်ဟု ဆိုရမည် ဖြစ်သည်။

စပါလက်တီက "ကျနော်တို့အနေနဲ့ ဥရောပပွဲတွေမှာ အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားရဦးမှာပါ။ အသင်းပုံစံက ကြည့်ရတာ သက်သောင့်သက်သာ မရှိသေးသလိုပါပဲ၊ ဥရောပအဆင့်ပွဲတွေဟာ စီးရီးအေနဲ့ မတူပါဘူး။ ရင်မဆိုင်ဖူးသေးတဲ့ အသင်းတွေနဲ့ ကစားရတာမို့ပါ။ အုပ်စုအနေအထားက မဆိုးဘူးဆိုပေမယ၊့် ကျန်တဲ့ အသင်းတွေကလည်း ကျနော်တို့ကို အနိုင်ရဖို့ကြိုးစားကြမှာမို့ ကျနော်တို့ အကောင်းဆုံး ကစားနိုင်ဖို့ လိုပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here