Bundesliga News

ကျေနပ်သွားတဲ့ အန်ဆလော့တီ

Aug 27 , 2016

ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် ဘိုင်ယန်အသင်းက ၀ါဒါဘရီမင်အသင်းကို ၆ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီး၊ ထိုပွဲအတွက် ကျေနပ်ကြောင်း နည်းပြ အန်ဆလော့တီက ပြောဆိုလိုက်သည်။

အီတလီသား အန်ဆလော့တီမှာ ဘိုင်ယန်ပွဲထွက် လူစာရင်းကို အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ပြီး ယှဉ်ပြိုင်စေ ခဲ့ခြင်း ဖြစ်သည်။ကျေနပ်သွားတဲ့ အန်ဆလော့တီ

လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမည့် ဘိုင်ယန်၏ အဖွင့်ပွဲစဉ်တွင် လီဝန်ဒေါစကီးက ၃ဂိုးနှင့် အလွန်ဆို၊ ဖိလစ်လမ်း၊ ရီဘာရီတို့ က ၁ဂိုးစီ သွင်းယူပေးခဲ့ကြသည်။

အန်ဆလော့တီက "ကျနော်တို့ တာထွက်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ကျနော်တို့ ဂိုးကို ခပ်သွက်သွက် သွင်းနိုင်ခဲ့သလို ကစား ကွက်ကိုလည်း ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ အသင်းကစားပုံအတွက် ကျနော် အရမ်းပျော်ပါတယ်။ လူစာရင်းကိုတော့ အများကြီး အပြောင်းအလဲ မလုပ်ခဲ့ပါဘူး။ ဟက်ထရစ်ရခဲ့တဲ့ လီဝန်ဒေါစကီးကိုလည်း ချီးကျူးပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

လီဝန်ဒေါစကီးမှာ ယခုရာသီတွင် ဟက်ထရစ် ၂ကြိမ်ရခဲ့ပြီဖြစ်ပြီး ဂျီနာအသင်းနှင့် ကစားရသော ဂျာမန်ဖလားပွဲတွင်လည်း ၃ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here