Serie-A News

အင်တာရောက် မာရီယို

Aug 29 , 2016

အင်တာအသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ ဂျာအို မာရီယိုကို ယူရို ၄၅သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

ပေါင် ၃၈.၄သန်း ( ယူရို ၄၅သန်း) ဖြင့် ခေါ်ခဲ့သော မာရီယိုမှာ ပေါ်တူဂီကလပ်များထဲတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံးဖြင့် အခေါ်ခံခဲ့ရသော ပေါ်တူဂီသားတစ်ဦးဖြစ်ပြီး ယခင် စပို့တင်းမှ ဈေးအမြင့်ဆုံး ကစားသမားများမှာ မန်ယူက ခေါ်ခဲ့သော စီရိုနယ်ဒို (ပေါင် ၁၂.၂၅သန်း)၊ နာနီ(ပေါင် ၂၅သန်း) တို့ ဖြစ်ကြသည်။

အင်တာအသင်းမှာ ဘရာဇီးကလပ် ဆန်းတို့စ်မှ ဘာဘိုဆာကို ခေါ်ယူနိုင်ရန်လည်း ဆွေးနွေးနေဆဲဟု သိရသည်။

အင်တာအသင်း ဥက္ကဋ္ဌ သိုဟာက မာရီယိုမှာ အင်တာအတွက် အရေးပါသော ကစားသမားတစ်ဦးဖြစ်ပြီး၊ ၎င်းကို ကာလ ရှည် စောင့်ကြည်ခဲ့သည်ဟု ဆိုခဲ့သည်။

စပို့တင်းအတွက် ၁၇၁ ပွဲကစားပေးခဲ့သော မာရီယိုမှာ ဗိုလ်စွဲခဲ့သည့် ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းတွင်လည်း ပါဝင်ခဲ့ ကာ ပွဲတိုင်းကစားပေးခဲ့သူ ဖြစ်သည်။

 

U Myo Thant

<< Back Serie-A News


Advertisement
Here