La-liga News

ရိုဒရီဂုဇ်ကို ရီးရဲလ်မရောင်းပါ

Aug 29 , 2016

ချဲလ်ဆီးအသင်းမှ လိုချင်နေသော ရိုဒရီဂုဇ်ကို မိမိတို့ ရောင်းထုတ်မည်မဟုတ်ဟု ရီးရဲလ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်က ပြောဆိုလိုက် သည်။

ချဲလ်ဆီးနည်းပြ ကွန်တီမှာ ရီးရဲလ်တွင် ပုံမှန်ကစားခွင့်မရဖြစ်နေသော ကိုလံဘီယာလက်ရွေးစင် ရိုဒရီဂုဇ်ကို ခေါ်ယူလိုနေ သူဖြစ်ပြီး ပေါင်သန်း ၆၀တန် ရိုဒရီဂုဇ်အား ရောင်းထုတ်ရန် မစဉ်းစားဟု ပီရက်ဇ် က ဆိုခဲ့သည်။

ရိုဒရီဂုဇ်ကမူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုသည်ဟု ပြောဆိုထားခဲ့ပြီး၊ အင်္ဂလန်တွင် နေထိုင်ရန် သူ့၏ မိသားစုကလည်း ကြံရွယ်လျက် ရှိသည်။

ချဲလ်ဆီးအနေနှင့် အပြောင်းအရွှေ့ကာလ မပြီးဆုံးမီ ခေါ်ယူလိုနေပြီး၊ ရီးရဲလ်ကလည်း ၂၀၁၄တွင် ပေါင် ၆၅ သန်းပေး ကာ ခေါ်ထားရသော ရိုဒရီဂုဇ်ကို လက်မလွှတ်လိုသော အနေအထားဖြစ်သည်။

ရီးရဲလ် နည်းပြ ဇီဒန်းကလည်း ရိုဒရီဂုဇ်မှာ ရီးရဲလ်ကစားသမားဖြစ်နေသေးသကဲ့သို့ စာချုပ်သက်တမ်းရှိနေသေးသူ လည်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant

<< Back La-liga News


Advertisement
Here