La-liga News

ရီးရဲလ်ကို ထောက်ခံတဲ့ အန်ဆလော့တီ

Aug 30 , 2016

လက်ရှိတွင် ဘိုင်ယန်အသင်းကို ကိုင်တွယ်နေသော ရီးရဲလ် နည်းပြဟောင်း အန်ဆလော့တီက ရီးရဲလ်အသင်းအနေနှင့် ယခုရာသီတွင် လာလီဂါချန်ပီယံဖြစ်မည်ဟု ယုံကြည်ကြောင်းနှင့် စီရိုနယ်ဒိုမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာမည်ဟု ထင်မှတ်ကြောင်း ပြောဆိုလိုက်သည်။

ရီးရဲလ်အသင်းမှာ ၃ရာသီအတွင်း ချန်ပီယံလိဂ်ဖလားကို ၂ကြိမ် ရယူနိုင်ခဲ့သော်လည်း လာလီဂါတွင်မူ ၂၀၁၂ နောက်ပိုင်းမှာစ၍ ချန်ပီယံဆုနှင့် ဝေးနေဆဲ ဖြစ်သည်။

လာလီဂါ ချန်ပီယံဆုကို နောက်ဆုံး ၄နှစ်အတွင်း ဘာစီလိုနာနှင့် ရီးရဲလ်၏ မြို့ခံပြိုင်ဘက် အက်သလက်တီကိုတို့သာ ရရှိခဲ့ကြသည်။

သို့သော် အန်ဆလော့တီက "စပိန်လာလီဂါပြိုင်ပွဲတွေဟာ တကယ့်ခက်ခဲတဲ့ ပွဲတွေပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ရီးရဲလ်အနေနဲ့ ချန်ပီယံ ဖြစ်လာမှာပါ။ အဲသလိုပဲ စီရိုနယ်ဒိုဟာလည်း ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာမှာပါ" ဟု ပြောဆိုခဲ့သည်။

လာလီဂါပွဲစဉ်များကို ၂ပွဲ ကစားပြီးရာတွင် လာပါးမက်စ်က ၆မှတ်ဖြင့် ဇယားထိပ်တွင်ရှိနေပြီး၊ ဂိုးကွာခြားချက်ကြောင့် ဘာစီလိုနာနှင့် ရီးရဲလ်တို့က အဆင့် ၂နှင့် ၃နေရာတို့တွင် ရပ်တည်လျက်ရှိသည်။

U Myo Thant




<< Back La-liga News


Advertisement
Here