La-liga News

သက်တမ်းတိုးမည့် ဘာကာ ၃ယောက်

Aug 31 , 2016

ဘာစီလိုနာအသင်းသည် အသင်းမှအဓိက ကစားသမား ၃ဦးဖြစ်သော မက်ဆီ၊ ဆွာရက်ဇ်နှင့် ရာကီသစ်တို့ကို စာချုပ်သစ်များ ချုပ်ဆို ရန် ပြင်ဆင်နေကြောင်း သိရသည်။

ခရိုအေးရှား ကွင်းလယ်ကစားသမားဖြစ်သူ ရာကီတစ်မှာ ၂၀၁၉ အထိ စာချုပ်ရှိနေသော်လည်း ဘာစီလိုနာက ထို့ထက်ပိုသော ကာလအထိ အသင်းတွင် ဆက်ရှိစေလို၍ ဖြစ်သည်။

ဥရုဂွေးသား တိုက်စစ်မှုး ဆွာရက်ဇ်မှာ လွန်ခဲ့သော ရာသီက အသင်းအတွက် ဂိုး ၄၀ သွင်းယူပေးခဲ့သူဖြစ်ပြီး၊ အာဂျင်တီးနားသား မက်ဆီမှာ ၂၀၁၈ ဇွန်လအထိ စာချုပ်ရှိနေသေးသူ ဖြစ်သည်။

အသင်းဥက္ကဋ္ဌ ဘာတိုမီက "ကျနော်တို့အနေနဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ ရာကီတစ်တို့ကို စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးနေပါပြီ။ လာမယ့်လတွေထဲမှာ စာချုပ်သစ်တွေနဲ့ သက်တမ်းတိုးသွားနိုင်ဖို့ မျှော်လင့် ထားပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

အသင်းနည်းပြ အင်းနရစ်ခ်ျမှာလည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးဦးမည်ဟု သိရသည်။

U Myo Thant

<< Back La-liga News


Advertisement
Here